၇ သူတို့၌ ဆန်စပါး၊ စပျစ်ရည်ပေါများ၍၊ သူတို့ဝမ်းမြောက်ခြင်း ရှိသည်ထက်၊ အကျွန်ုပ်ကိုသာ၍ ဝမ်းမြောက် စေတော်မူ၏။
၁၁ အလင်းသည် တရားသောသူတို့အဘို့၊ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သောသူတို့အဘို့၊ ပျိုးကြဲလျက် ရှိကြ၏။ ၁၂ ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။
၃ ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကို စုသိမ်းရာ ကာလ၌ ဝမ်းမြောက်သကဲ့သို့၎င်း၊ လုယူသော ဥစ္စာကို ဝေသောသူ ဝမ်းမြောက်သကဲ့သို့၎င်း၊ ရှေ့တော်၌ သူတို့သည် ဝမ်းမြောက်ကြပါ၏။
၁၇ သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကို ပေးတော်မူသောအားဖြင့်၊ ကိုယ်တော် ရှိတော်မူသည်ကို သက်သေမခံဘဲ နေတော်မမူ၊ ဟုပေါလုနှင့် ဗာနဗသည် ကြွေးကြော်လေ၏။