ဆာလံကျမ်း
အခန်းကြီး ၆၃
ဒါဝိဒ်သည် ယုဒတော၌ ရှိသောအခါ စပ်ဆိုသောဆာလံ။
၁ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏။ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ၏။ ၂ ဘုန်းတန်ခိုး အာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာ ဌာနတော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ။ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏ နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။ ၄ ထိုသို့အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။ နာမတော်ကို အမှီပြုလျက် လက်ကိုချီပါမည်။ ၅ အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍ ညယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ် ၏ ဝိညာဉ်သည် ဝ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အကျွန်ုပ်၏ နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။ ၆ အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။ ၇ အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်၌ မှီဝဲ၍ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မတော်မူ၏။ ၈ အကျွန်ုပ် အသက်ကို ဖျက်ဆီးခြင်းငှါ ရှာသောသူတို့သည် မြေကြီးအောက်အရပ်သို့ ဆင်းရကြမည်။ ဓါးဘေးဖြင့်ဆုံး၍ မြေခွေးစားရန် ဖြစ်ရကြလိမ့်မည်။ ၉ ရှင်ဘုရင်မူကား၊ ဘုရားသခင် ဝမ်းမြောက်လိမ့်မည်။ ၁၀ ဘုရားသခင် ကိုတိုင်တည်၍ ကျိန်ဆိုသော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။ မုသာစကားကို ပြောသောသူတို့၏ နှုတ်မူကား ပိတ်လျက်ရှိလိမ့်မည်။