၁ ငါသည်ခပ်သိမ်းသောကာလတို့၌ ထာဝရဘုရားကို ကောင်းကြီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည်။
၅ အိုငါ့ဝိညာဉ် သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာ ပြုရလေအံ့သတည်း။
၇ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။အကျွန်ုပ်သည် များစွာသောသူတို့၌ အံ့ဘွယ်သော အရာကဲ့သို့ ဖြစ်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာ ဖြစ်တော်မူ၏။
၁၄ အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို သာ၍သာ၍ ချီးမွမ်းပါမည်။
၂၆ သင်တို့သည် ဝစွာစားရကြလိမ့်မည်။ အံ့ဩဘွယ်သော အမှုတို့ကို သင်တို့၌ ပြုသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ နောက်တဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။
၆ ထို့ကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန်ကာလ၌ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါ လိမ့်မည်။ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။
၇ ရေဘွေတော်များအသံ ဗလံနှင့်တကွ ဝဲဩဃတခုကို တခုဟစ်ခေါ်၍ လှိုင်းတံပိုးတော် အပေါင်းတို့သည် အကျွန်ုပ်ကို လွှမ်းမိုးကြပါပြီ။
၁ အကျွန်ုပ်ကို ကယ်ယူတော်မူပါ ဘုရား။ ရေသည် အကျွန်ုပ် အသက်ဝိညာဉ် တိုင်အောင်ရောက်ပါပြီ။
၆ အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက်ဖုံးလွှမ်း၍ အလွန်နက်နဲသော အရပ်၌ ချထားတော်မူပြီ။
၄ ထိုအခါ ငါတို့ကို ရေသည်လွှမ်းမိုး၍ စီးသောရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီတကား။
၅ ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်းသဖြင့်၊အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ၏။