၉ မတရားသောသူတို့၏ အဓမ္မအမှုကို ဆုံးရှုံးစေ၍၊ တရားသောသူတို့ကို မြဲမြံစေတော်မူပါ။ တရားသဖြင့် ပြုတော်မူသောဘုရား၊ ကိုယ်တော်သည် နှလုံးနှင့်ကျောက်ကပ်ကို စစ်တော်မူတတ်ပါ၏။
၃ အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ။ ညအခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ။ အကျွန်ုပ် အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ။
၂ အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကို ဆေးကြောတော်မူပါ။
၁၀ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ။ ငွေကို စစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ၊ ၊
၂၃ အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏ နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။
၃ ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့မီးဖိုကို၎င်း၊ သုံးတတ်၏စိတ်နှလုံးကိုကားထာဝရဘုရားစစ်တော်မူ၏။
၂၃ သူ၏သားသမီးတို့ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသောသူ ဖြစ်ကြောင်းကို၊ ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည်၊ သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကိုငါပေးမည်။