၁၇ ကိုယ်တော်သည် လူကို ပမာဏပြု၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း၊
၄ လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍၊ အကြည့်အရှု ကြွလာတော်မူသနည်း။ သူ့ကို ကောင်းကင်တမန် တို့အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ။
၆ ကျမ်းစာတချက်၌ တယောက်သောသူက၊ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။
၉ ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ် သက်သက်ဖြစ်၏။
၂ ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွှေ့သွားတတ်ပါ၏။
၁၁ အကျွန်ုပ်၏ နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ် ညှိုးနွမ်းပါ၏။
၁၅ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည်လယ်ပြင်၌ ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။
၂၃ ရှည်လျားသော အရိပ်ကဲ့သို့ အကျွန်ုပ် ရွေ့သွားပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက် ရှိပါ၏။
၄ လူသည် အငွေ့နှင့်တူပါ၏။ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ ဖြစ်ကြပါ၏။
၆ တဖန် ထိုအသံက၊ ဟစ်ကြော်လော့၊ ဟုဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်း၊ ဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။
၂၄ လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထိုနှုတ်ကပတ်တော်သည် သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။
၁၈ ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏။
၁၁ သင်တို့သည် အနီးတော်သို့ ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။
၃၂ မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည် တုန်လှုပ်တတ်၏။ တောင်တို့ကို တို့တော်မူ၍၊ သူတို့သည် မီးခိုးထွက်ကြပါ၏။
၅ အိုထာဝရဘုရား ကိုယ်တော်၏ မိုးကောင်းကင်ကို ညွတ်၍ ဆင်းသက်တော်မူပါ။ တောင်တို့ကို တို့တော်မူပါ။ သူတို့သည် မီးခိုးထွက် ကြပါလိမ့်မည်။