ဆာလံကျမ်း
အခန်းကြီး ၁၃၄
ထာ၀ရဘုရားကို ကောင်းကြီးပေးကြလော့
၁ ထာဝရဘုရား၏ အိမ်တော်၌ ညယံစောင့်သော ထာဝရဘုရား၏ ကျွန်တော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။ ၂ သန့်ရှင်းရာ ဌာနတော်သို့ လက်ကိုချီ၍၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။ ၃ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က၊ သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော်။