ဆာလံကျမ်း
အခန်းကြီး ၁၃၃
ညီအစ်ကိုတို့ ပေါင်းဖေါ်ခြင်း
၁ ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖေါ်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။ ၂ အာရုံ၏ခေါင်းပေါ်မှာ လောင်းလျက်၊ သူ၏ မုတ်ဆိတ်သို့စီး၍၊ လည်စွပ်တိုင်အောင် ကျသော နံ့သာဆီကဲ့သို့ဖြစ်၏။ ၃ ဟေရမုန်တောင်နှင့် ဇိအုန် တောင်ရိုးပေါ်သို့ ကျသော နှင်းကဲ့သို့ဖြစ်၏။ ထိုသို့ နေကြသောအရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲ အသက်ရှင်ခြင်း အခွင့်တည်းဟူသော၊ ကောင်းကြီး မင်္ဂလာကို စီရင်တော်မူ၏။