၃၃ သူတို့စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန်သော မြွေဆိုး အဆိပ်အတောက် ဖြစ်၏။
၁၂ ငါသည် ပင်လယ် ဖြစ်သလော။ နဂါး ဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကို အစောင့် ထားတော်မူရသလော။
၁၃ ဝိညာဉ်တော်အားဖြင့် မိုးကောင်းကင် တန်ဆာများကိုပြင်၍ လျှင်မြန်သော နဂါး ကိုလည်း ဖန်ဆင်းတော်မူ၏။
၁၃ သင်သည် ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာ ကျော်သွား၍၊ ခြင်္သေ့နှင့်နဂါး တို့ကို ခြေဖြင့်နင်းလိမ့်မည်။
၁ ထိုကာလ၌ ထာဝရဘုရားသည် ပြေးတတ်သော မြွေလဝိသန်ကို၎င်း၊%fo(a) လိမ်သော မြွေလဝိသန်ကို၎င်း၊ ခိုင်ခံ့ကြီးမားသော ဓါးတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ ရှိသော နဂါး ကိုလည်း သတ်တော်မူလိမ့်မည်၊၊
sဥယျာဉ်တော်စောင့် ထာ၀ရဘုရား
၉ အိုထာဝရဘုရား၏ လက်ရုံးတော်၊ နိုးတော်မူပါ။ နိုး၍ခွန်အားကို ယူတော်မူပါ။ ရှေးကာလနှင့် လွန်ဘူးသောကာလ၌ ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကိုဒဏ်ခတ်၍ နဂါး ကို နာစေသောသူကား၊ ကိုယ်တော်မဟုတ်လော။
c၅၁
sထာ၀ရဘုရား ဇိအုန်မြို့ကို ချမ်းသာပေးမည်
၁ ဖြောင့်မတ်ခြင်း တရားသို့လိုက်၍ ထာဝရဘုရားကို ရှာသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ကို ခုတ်ယူရာ ကျောက်နှင့်၊ တူးယူရာ တွင်းဝကို ကြည့်ရှုကြလော့။ ၂ သင်တို့၏အဘ အာဗြဟံနှင့်၊ သင်တို့ကို ဖွားသောသူ စာရာတို့ကို ကြည့်ရှုကြလော့။ ငါသည် တယောက်တည်းသောသူ အာဗြဟံကို ခေါ်၍၊ ကောင်းကြီးပေးသဖြင့် များပြားစေ၏။ ၃ ထိုသို့နှင့်အညီ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာ ပေးတော်မူမည်။ သူ၏ဆိတ်ညံရာအရပ် အလုံးစုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့သို့၎င်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရား၏ ဥယျာဉ်ကဲ့သို့၎င်း၊ ဖြစ်စေတော်မူသဖြင့် ဇိအုန်မြို့သည် ဝမ်းမြောက် ရွှင်လန်းခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းနှင့် ပြည့်စုံလိမ့်မည်။
s ငါစီရင်ချက်သည် လူများလင်းစေ
၄ ငါ့၏လူမျိုး၊ ငါ့လူစုတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။ ငါ့ထံမှ တရားထွက်၍၊ ငါစီရင်ချက်သည် လူများလင်းစရာဘို့ တည်ရလိမ့်မည်။ ၅ ငါ၏ ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ၏။ ငါ၏ ကယ်တင်ခြင်း တရားသည် ထွက်သွားပြီ။ ငါ့လက်ရုံးသည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်။ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကိုမျှော်လင့်၍ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။ ၆ မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ မြေကြီးကိုလည်းငုံ့၍ ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ် ပျောက်၍၊ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ့၏ ကယ်တင်ခြင်းတရားမူကား၊ အစဉ်အမြဲတည်လိမ့်မည်။ ငါ့၏ ဖြောင့်မတ်ခြင်းတရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။
sလူတို့ကဲ့ရဲ့ခြင်းမကြောက်နှင့်
၇ ဖြောင့်မတ်ခြင်းတရားကို သိ၍၊ ငါ့၏တရားကို နှလုံးသွင်း မိသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ လူတို့သည် အပြစ်တင်မည်၊ ဟုမစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။ ၈ အကြောင်းမူကား ပိုးကောင်တို့သည် သိုးမွေးအဝတ်ကို ကိုက်စားသကဲ့သို့၊ ထိုသူတို့ကို ကိုက်စား ဖျက်ဆီးကြလိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်း တရားမူကား၊ နိစ္စထာဝရ ဖြစ်၍ငါ၏ ကယ်တင်ခြင်း တရားသည်လည်း ကမ္ဘာအဆက်ဆက် တည်လိမ့်မည်။
s
၉ အိုထာဝရဘုရား၏ လက်ရုံးတော်၊ နိုးတော်မူပါ။ နိုး၍ခွန်အားကို ယူတော်မူပါ။ ရှေးကာလနှင့် လွန်ဘူးသောကာလ၌ ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကိုဒဏ်ခတ်၍ နဂါး ကို နာစေသောသူကား၊ ကိုယ်တော်မဟုတ်လော။ ၁၀ ပင်လယ်ရေနက်နဲရာ ရေတို့ကို ခမ်းခြောက်စေ၍၊ ပင်လယ်နက်နဲရာ အရပ်တို့ကို သွားစရာလမ်းဖြစ်စေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။ ၁၁ သို့ဖြစ်၍ ထာဝရဘုရား ကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရ ဝမ်းမြောက်ခြင်းသရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကိုရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညီးတွားခြင်းသည် ပြေးသွားရလိမ့်မည်။ ၁၂ သင်တို့ကို နှစ်သိမ့်စေသောသူကား၊ အခြားသူမဟုတ်၊ ငါကိုယ်တိုင်ပေတည်း။ သေရသောလူကို၎င်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတံ့သော လူသားကို၎င်း၊ သင်သည် ကြောက်ရမည့်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ၁၃ မိုးကောင်းကင်ကို၊ ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော သင့်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားကို မေ့လျော့၍ ညှဉ်းဆဲသောသူသည် ငါ့ကိုဖျက်ဆီးလုပြီ၊ ဟုစိတ်ထင်နှင့် သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည့်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲသောသူ၏ ဒေါသအမျက်သည် အဘယ်မှာရှိသနည်း။ ၁၄ အချုပ်ခံရသောသူသည် ထောင်ထဲမှာမသေ၊ ရေစာမပြတ်၊ လျှင်မြန်စွာ ကယ်နှုတ်ခြင်းသို့ ရောက်လိမ့်မည်။ ၁၅ ငါသည် သမုဒ္ဒရာကို ဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ထိုဘုရား၏ နာမတော်ကား ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။ ၁၆ မိုးကောင်းကင်ဆောက်၍၊ မြေကြီးကို တည်စေခြင်းငှါ၎င်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏၊ ဟုဇိအုန်မြို့ကို ပြောစေခြင်းငှါ၎င်း၊ ငါ့စကားကို သင်၏နှုတ်ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကိုငါမိုးပြီ။
၁၇ ထာဝရဘုရား၏ လက်တော်၌ အမျက်တော်ဖလားကို သောက်သော ယေရုရှလင်မြို့ နိုးလော့၊ နိုး၍ထလော့။ သင်သည် တုန်လှုပ်စေသော ဖလားကို အကုန်သောက်ခဲ့ပြီ။ အနယ်အဖတ်ကိုလည်း ညှစ်ခဲ့ပြီ။ ၁၈ ကိုယ်တိုင် ဖွားမြင်သော သားတို့တွင် သင့်ကို လမ်းပြသောသူ တယောက်မျှမရှိ။ ကိုယ်တိုင် မွေးစားသော သားတို့တွင် သင့်ကို လက်ဆွဲသောသူ တယောက်မျှမရှိ။ ၁၉ အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ဓါးဖြင့် ဖျက်ဆီးခြင်း ဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင့်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်သနည်း။ ၂၀ သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ ဖမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်းဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင် ဆုံးမတော်မူခြင်းနှင့် ဝကြ၏။
၂၁ သို့ဖြစ်၍ ညှဉ်းဆဲခြင်းကို ခံရသောသူ၊ စပျစ်ရည်မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူးသောသူ၊ နားထောင်လော့။ ၂၂ သင်၏အရှင် မိမိလူတို့၏ အမှုကို စောင့်တော်မူသော သင်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ တုန်လှုပ်စေသောဖလား၊ ငါ့အမျက်တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှ ငါရုပ်၍ သင်သည် နောက်တဖန် မသောက်ရ။ ၂၃ သင်သည် ခရီးသွားသောသူတို့ရှေ့မှာ ကိုယ်ကို မြေတန်တားလုပ်၍ အလျားဝပ်စေခြင်းငှါ ဝပ်လျက်နေတော့။ ငါကျော်သွားမည်ဟုဆို၍ သင့်ကို ညှဉ်းဆဲသောသူ တို့လက်၌ ထိုဖလားကို ငါထားမည်။
၃ ကရမေလ တောင်ထိပ်၌ ပုန်းရှောင်သော်လည်း၊ ငါရှာ၍ ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါ သမုဒ္ဒရာအောက်၌ ပုန်းရှောင်သော်လည်း၊ ငါသည်နဂါးကို မှာလိုက်၍ ကိုက်စေမည်။
၄ သူ၏အမြီးသည် ကောင်းကင်ကြယ် သုံးစုတစုကို ဆွဲငင်၍၊ မြေကြီးသို့ ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။
s သံလှံတံနှင့် အုပ်စိုးလတံ့သောသားမွေး
၇ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလ နှင့် သူ၏ ကောင်းကင်တမန်တို့သည်၊ နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့်သူ၏ တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌ လည်းသူတို့နေစရာမရှိ။
၉ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။
၁၃ ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဖွားမြင်သော မိန်းမကိုညှဉ်းဆဲ၏။
၁၆ မြေကြီးသည် မိန်းမကိုမစ၍ မိမိခံတွင်းကိုဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သောမြစ်ရေကို မျိုလေ၏။ ၁၇ နဂါးသည် မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍၊ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော၊ ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။
၂ ထိုသို့ငါမြင်သော သားရဲသည်၊ ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည်လည်း၊ ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း၊ သားရဲ၌ အပ်ပေး၏။
၄ ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသောနဂါးကို ကိုးကွယ်ကြ၏။ သားရဲကိုလည်း ကိုးကွယ်၍၊ အဘယ်သူသည် သားရဲနှင့်တူသနည်း၊ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်း၊ ဟုပြောဆိုကြ၏။
၁၁ အခြားသော သားရဲတကောင်သည်၊ သိုးသားငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီးထဲက ထွက်သည်ကိုငါမြင်၏။
၁၃ ထိုအခါ၊ နဂါး၏ ခံတွင်းထဲက၎င်း၊ သားရဲ၏ ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဖားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါး ထွက်သည်ကို ငါမြင်၏။
၂ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကိုကိုင်ဖမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။