-
AA
+
🡀
|
🡂
နေဟမိမှတ်စာ
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


နေဟမိမှတ်စာ
အခန်းကြီး ၁၃


အမျိုးမစစ်သောသူများကို ပယ်ကြ
CROSS REFERENCES






ထိုနေ့ရက်ကာလ၌ မောရှေ၏ ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဖတ်ရွတ်သောအခါ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင်၏ ပရိသတ်တော်ထဲသို့ ဝင်ရောက်သော အခွင့်အစဉ်မရှိ၊ ဟုတွေ့ကြ၏။ [A] အကြောင်းမူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်​ကျွေးခြင်းငှါ မကြိုဆို၊ ကျိန်ဆဲစေခြင်းငှါ ဗာလမ်ကို ငှါးကြ၏။ [B] သို့ရာတွင် ငါတို့၏ ဘုရားသခင်သည် ကျိန်ဆဲသော စကားကို ကောင်းကြီးပေးသော စကားဖြစ်စေတော်မူ၏။ [C] ထိုတရားကို ကြားသောအခါ၊ အမျိုးမစစ်သော သူရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ၏။ [D]


တောဘိကို အိမ်တော်ထဲမှ နှင်ထုတ်

အရင်တခါ ငါတို့ဘုရားသခင်၏ အိမ်တော်ပြင်ခန်းကို အုပ်သော ယဇ်ပုရောဟိတ် ဧလျာရှိပ်သည် တောဘိနှင့် ပေါက်ဖေါ်တော် သည်ဖြစ်၍၊ ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ တန်ဆာမျိုးကို၎င်း၊ ပညတ်တော်အတိုင်း လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်တို့အား ပေးရသောစပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ်တို့အား လှူရသော အလှူတို့ကို၎င်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဘို့ ပြင်ဆင်၏။ ထိုကာလပတ်လုံး ငါသည် ယေရုရှလင်မြို့၌ မရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံ သုံးဆယ်နှစ်နှစ်တွင် အထံတော်သို့ သွားရ၏။ အင်တန်ကာလကြာပြီးမှ၊ ရှင်ဘုရင်ထံတော်၌ အခွင့်ရ၍၊ ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဧလျာရှိပ်သည် ဘုရားသခင်၏ အိမ်တော် တန်တိုင်းထဲမှာ အခန်းကို တောဘိအဘို့ ပြင်ဆင်၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ၏။ ထိုအခါ ငါသည် အလွန်နာကြင်သော စိတ်ရှိ၍ တောဘိ ဥစ္စာပရိကံရှိသမျှကို အခန်းထဲမှ ထုတ်ပစ်ပြီးမှ၊ အခန်းများကို စင်ကြယ်စေခြင်းငှါ စီရင်၍၊ တဖန် ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်းကို ဆောင်ခဲ့၍ သိုထား၏။


အိမ်တော်စွန့်သော လေဝိသားတို့ကို ပြန်ခေါ်

၁၀ အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည်တို့သည် အသီးအသီး မိမိတို့ လယ်ယာသို့ ပြေးသွားကြသည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာရိက္ခာကို မခံမရကြောင်းကို ငါရိပ်မိလျက်၊ ၁၁ ဘုရားသခင်၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်း၊ ဟုမင်းတို့ကို အပြစ်တင်၍၊ လေဝိသားတို့ကို စုဝေးစေပြီးမှ၊ သူတို့နေရာ၌ ခန့်ထားပြန်၏။ ၁၂ ထိုအခါ ယုဒလူအပေါင်း တို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။ ၁၃ ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ် ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော် တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။ ၁၄ အိုအ​ကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အ​ကျွန်ုပ်၏ ဘုရားသခင့် အိမ်တော်အဘို့၊ အိမ်တော် အမှုစောင့်ခြင်းအဘို့ အ​ကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့်။


ဥပုသ်နေ့၌ ရောင်းဝယ်ခြင်းမပြုဘို့တား
CROSS REFERENCES






၁၅ ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကို သွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကို တင်လျက်၊ လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့ [E] ၌ စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး အစရှိသည်တို့ကို တင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြသည်ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစာရာများကို ရောင်းအပ်သည်၊ ဟုသူတို့အား ကြားပြောကြ၏။ ၁၆ ထိုအရပ်၌ နေသော တုရုမြို့သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဥပုသ်နေ့၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ၏။ ၁၇ ထိုအခါငါက၊ သင်တို့သည် ဥပုသ်နေ့ကိုဖျက်၍ ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း။ ၁၈ ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်၊ ဤမျှလောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌၎င်း၊ ဤမြို့၌၎င်း ဘုရားသခင် ရောက်စေတော်မူသည် မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေဦးမည်လော၊ ဟုယုဒမှူးမတ်တို့ကို အပြစ်တင်လျက်၊ ၁၉ အဘိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့ လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့ တံခါးတို့ကို ပိတ်ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ၊ မိမိ​ကျွန် အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။ ၂၀ ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်းသောသူ များတို့သည် ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါအိပ်ကြ၏။ ၂၁ ငါကလည်း၊ မြို့ရိုးပတ်လည်၌ အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တဖန်လာ၍ အိပ်လျှင် ဖမ်းဆီးမည်၊ ဟုသူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့တွင် မလာဘဲ နေကြ၏။ ၂၂ လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ၊ စင်ကြယ်သော ကိုယ်နှင့်လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အိုအ​ကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကရုဏာတော် များပြားသည်အတိုင်း အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။


ရှောလမုန်က တပါးအမျိုးယူသော ကြောင့်ပြစ်မှားခဲ့

၂၃ ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘအမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင်၏။ ၂၄ သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ်။ အာဇုတ်စကားတဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။ ၂၅ သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။ အချို့တို့ကို ရိုက်လျက်၊ ဆံပင်နှုတ်လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ။ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်းမယူရ။ ၂၆ ဣသရေလ ရှင်ဘုရင် ရှောလမုန်သည် ထိုသို့ပြု၍ ပြစ်မှားရာ ရောက်သည် မဟုတ်လော။ အတိုင်းတိုင်း အပြည်ပြည်၌ သူနှင့်တူသော ရှင်ဘုရင်မရှိ။ ဣသရေလ ရှင်ဘုရင်အရာ၌ ဘုရားသခင် ခန့်ထားသည် တိုင်အောင် စိတ်တော်နှင့် တွေ့သောသူ ဖြစ်သော်လည်း၊ တပါးအမျိုးသား မိန်းမတို့သည် ပြစ်မှားစေသည် တကား။ [F] ၂၇ ငါတို့သည် သင်တို့စကားကို နားထောင်၍ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်သဖြင့်၊ ဤမျှလောက် ကြီးသော ဒုစရိုက်ကိုပြုလျက်၊ ငါတို့၏ ဘုရားသခင်ကို ပြစ်မှားရမည်လော၊ ဟုဘုရားသခင်ကို တိုင်တည်၍ သူတို့ကို ကျိန်ဆိုစေ၏။ ၂၈ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သား ယောယဒ၏သား တယောက်သည်၊ ဟောရနိလူ သမ္ဘာလတ်သမက် ဖြစ်သောကြောင့်၊ သူ့ကိုငါနှင်ထုတ်၏။


နိဂုံး

၂၉ အိုအ​ကျွန်ုပ်၏ ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ် အရာကို၎င်း၊ ယဇ်ပုရောဟိတ် လေဝိသားတို့နှင့် ဖွဲ့သော ပဋိညာဉ်တော်ကို၎င်း၊ ရှုတ်ချသောကြောင့် သူတို့ကို မှတ်တော်မူပါ။ ၃၀ ထိုသို့ ယုဒအမျိုးသားတို့ကို တပါးအမျိုးသား အပေါင်းတို့နှင့် ကင်းစင်စေပြီးမှ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့ကို အသီးအသီး မိမိတို့ အမှုစောင့်ရသည်အတိုင်း ငါခန့်ထား၍၊ ၃၁ ချိန်းချက်သောအချိန်၌ ထင်းပူဇော်သက္ကာနှင့် အဦးသီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အိုအ​ကျွန်ုပ်၏ ဘုရားသခင်၊ ကျေးဇူးပြုပါမည် အကြောင်း၊ အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါ။

နေဟမိမှတ်စာပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.