-
AA
+
🡀
|
🡂
ဧဇရမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧဇရမှတ်စာ
အခန်းကြီး ၆


ဒါရိမင်းက ဗိမာန်တော် ဆောက်ခွင့်ပြန်ပေး

ထိုအခါ ဒါရိမင်းကြီး အမိန့်တော်နှင့် ဗာဗုလုန်မြို့ ဘဏ္ဍာတော် ထားရာစာတိုက်၌ ရှာဖွေကြ၏။ မေဒိပြည်၊ အာခမေသမြို့၊ နန်းတော်၌ စာလိပ်ကိုတွေ့၍ စာလိပ်၌ ပါသော စကားဟူမူကား၊ ယဇ်ပူဇော်ရာ အိမ်တော်ကိုတည်စေ။ တိုက်မြစ်ကို ခိုင်ခံ့စွာချထားစေ။ အမြင့်အတောင်​ခြောက်ဆယ်၊ အနံအတောင်​ခြောက်ဆယ်ရှိ၍၊ ကြီးသော ကျောက်တန်းသုံးဆင့်၊ အသစ်သော သစ်သား တန်းတဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ်များကိုလည်း ဘဏ္ဍာတော်ထဲက ထုတ်၍ ပေးစေ။ ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲက နေဗုခဒ်နေဇာ ထုတ်၍ ဘုရားသခင်၏ အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့သော ရွှေတန်ဆာ ငွေတန်ဆာတို့ကို ပြန်ပေးစေ။ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ပို့၍ အလုံးစုံတို့ကို ဘုရားအိမ်တော်ထဲတွင် မိမိတို့နေရာ၌ ထားစေ၊ ဟုကုရုမင်းကြီးသည် နန်းစံ ပဌမနှစ်တွင်၊ ယေရုရှလင်မြို့၏ ဘုရား အိမ်တော်အမှုမှာ အမိန့်တော်ရှိ၏။ သို့ဖြစ်၍၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သင်တို့ အပေါင်း အဖေါ်တည်းဟူသော မြစ်အနောက်ဘက်၌ နေသော အဖာသသက်လူတို့၊ ထွက်သွားကြ။ ထိုဘုရား၏ အိမ်တော် တည်ခြင်းအမှုကို မဆီးမတားကြနှင့်။ ယုဒမြို့ဝန်နှင့် ယုဒအမျိုးအသက် ကြီးသူတို့သည် ထိုအိမ်တော်ကို မိမိနေရာ၌ တည်ပါလေစေ၊ ထိုမှတပါး၊ သင်တို့သည် ထိုဘုရား၏ အိမ်တော်တည် ခြင်းအမှုကို ယုဒအမျိုး အသက်ကြီးသူတို့နှင့် ကူညီရမည်အကြောင်း၊ သူတို့သည် အဆီးအတား မရှိစေခြင်းငှါ၊ မြစ်အနောက်ဘက်၌ ခံသော အခွန်တော်တည်းဟူသော ဘဏ္ဍာတော်ထဲက အိမ်တော် တည်စရာစရိတ်ကို ချက်ချင်း ထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ၏။ ထိုမှတပါး၊ သူတို့သည် မွှေးကြိုင်သော ယဇ်တို့ကို ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်အား ပူဇော်၍ ၁၀ ရှင်ဘုရင်အသက်၊ ဆွေတော်မျိုးတော်တို့၏ အသက်အဘို့ ဆုတောင်းစေခြင်းငှါ၊ သူတို့လိုချင်သမျှ ယေရုရှလင်မြို့ ယဇ်ပုရောဟိတ်တို့ စီရင်သည်အတိုင်း၊ ကောင်းကင်ဘုံ၏ အရှင်ဘုရား သခင်အား မီးရှို့ရာယဇ် ပူဇော်စရာဘို့နွား၊ သိုးထီး၊ သိုးသငယ်၊ စပါး၊ ဆား၊ စပျစ် ရည်၊ ဆီတို့ကို နေ့တိုင်း အစဉ်မပြတ်ပေးစေ။ ၁၁ ၎င်းနည်းအကြင်သူသည် ငြင်းဆန်လျှင်၊ ထိုသူ၏အိမ်မှ သစ်တိုင်ကို နှုတ်ယူ၍ စိုက်ပြီးမှသူ့ကိုလည်း ဆွဲချစေ။ သူ့အိမ်ကိုလည်း နောက်ချေးပုံ ဖြစ်စေ၊ ဟုငါ့အမိန့်တော်ရှိ၏။ ၁၂ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ပျက်စီးစေခြင်းငှါ ပြုသော ရှင်ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့သည် ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော်။ ငါဒါရိသည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျှင်အမြန် ပြုစေ၊ ဟုပေးလိုက်သတည်း။


ဗိမာန်တော် ဆောက်လုပ်ပြီးစီး

၁၃ ထိုအခါ ဒါရိမင်းကြီး ပေးလိုက်သော အမိန့်တော်အတိုင်း၊ မြစ်အနောက်ဘက် မြို့တော်တာတနဲ၊ ရှေသာဗောဇနဲနှင့် သူတို့အပေါင်း အဖေါ်တို့သည် အလျှင်အမြန်ပြုကြ၏။ ၁၄ ယုဒအမျိုး အသက်ကြီးသူတို့သည် တည်ဆောက်၍၊ ပရောဖက် ဟဂ္ဂဲနှင့် ဣဒေါသား ဇာခရိဟောသော အားဖြင့်၊ အကြံထမြောက်ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် အမိန့်တော်နှင့် ပေရသိ ရှင်ဘုရင်ကုရုမင်း၊ ဒါရိမင်းအမိန့်တော်အတိုင်း၊ တည်ဆောက်၍၊ လက်စသတ်ကြ၏။ ၁၅ ဒါရိမင်းကြီး နန်းစံ​ခြောက်နှစ်၊ အာဒါလ သုံးရက်နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ၏။


ဗိမာန်တော်ကို အနုမောဒနာပွဲလုပ်ကြ

၁၆ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော သိမ်းသွားခြင်းကို ခံဘူးသော အမျိုးသားချင်း ရှိသမျှတို့သည် ဘုရားသခင်၏ အိမ်တော်ကို ဝမ်းမြောက်သော စိတ်နှင့် အနုမောဒနာ ပွဲခံကြ၏။ ၁၇ ထိုအိမ်တော်၏ အနုမောဒနာပွဲတွင် နွားတရာ၊ သိုးထီးနှစ်ရာ၊ သိုးသငယ်လေးရာကို၎င်း၊ ဣသရေလ အမျိုး တဆယ်နှစ်မျိုးအလိုက် အမျိုးသား အပေါင်းတို့၏ အပြစ် ​ဖြေရာယဇ်တည်းဟူသော ဆိတ်ထီး တဆယ်နှစ်ကောင်ကို၎င်း၊ ယဇ်ပူဇော်ကြ၏။ ၁၈ မောရှေကျမ်းစာ၌ ပါသည်အတိုင်း၊ ယေရုရှလင်မြို့၌ ဘုရားဝတ်ကို ပြုစေခြင်းငှါ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကို ၎င်း၊ သင်းဖွဲ့သော လေဝိသားတို့ကို၎င်း ခန့်ထားကြ၏။


ပသခါပွဲကိုလည်းကျင်းပကြ
CROSS REFERENCES






၁၉ သိမ်းသွားခြင်းကိုခံရသော အမျိုးသားတို့သည် ပဌမလ တဆယ်လေးရက်နေ့တွင် ပသခါပွဲ [A] ကိုလည်း ခံကြ၏။ ၂၀ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် တညီတညွတ်တည်း ကိုယ်ကိုသန့်ရှင်းစေ၍၊ အလုံးစုံတို့သည် သန့်ရှင်းသဖြင့်၊ မိမိတို့အဘို့မှစ၍ ပေါက်ဖေါ်ချင်း ယဇ်ပုရောဟိတ် တို့အဘို့နှင့် သိမ်းသွားခြင်းကိုခံရသော အမျိုးသားပေါင်းတို့အဘို့၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ၂၁ သိမ်းသွားခြင်းကို ခံသော လူစုထဲက ထွက်လာသော ဣသရေလ အမျိုးသားများ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှါ၊ တပါးအမျိုးသား နေရာအရပ်၊ အညစ်အ​ကြေးကို ပယ်ရှားသော သူများအပေါင်းတို့သည် ပသခါပွဲကိုစား၍၊ ၂၂ ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သောစိတ်နှင့် အဇုမပွဲကိုလည်း ခံကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ဗိမာန်တော် တည်ဆောက်ခြင်းအမှုမှာ၊ အာရှုရိ ရှင်ဘုရင် မစမည်အကြောင်း၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.