-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၂


ရှောလမုန် ဗိမာန်တော် ဆောက်ဘို့ပြင်
CROSS REFERENCES






ရှောလမုန်သည် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို၎င်း၊ နန်းတော်ကို၎င်း တည်ဆောက်ခြင်းငှါ အကြံရှိ၍၊ ထမ်းရွက်သောသူ ခုနစ်သောင်း၊ တောင်ရိုးပေါ်မှာ သစ်ခုတ်သောသူ ရှစ်သောင်း၊ ကြည့်ရှု စီရင်သောသူ သုံးထောင်​ခြောက်ရာတို့ကို ခွဲခန့်ပြီးမှ၊ တုရုမင်းကြီး ဟိရံထံသို့ စေလွှတ်၍၊ မင်းကြီးသည် ငါ့အဘ ဒါဝိဒ်၏ နန်းတော် ဆောက်စရာဘို့ အာရဇ် သစ်သားကို ပေးလိုက်သည်နည်းတူ၊ ငါ၌ တဖန် ကျေးဇူးပြုပါလော့။ ဣသရေလ အမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၎င်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှါ၎င်း၊ ညဦး၊ နံနက်၊ ဥပုသ်နေ့၊ [A] လဆန်းနေ့၊ ငါတို့ ဘုရားသခင် ထာဝရဘုရား၏ ဓမ္မပွဲနေ့တို့၌၊ မီးရှို့ရာယဇ် ပူဇော်ခြင်းငှါ၎င်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကိုတည် ဆောက်၍ ပူဇော်ရမည်။ ငါတည် ဆောက်ရသော အိမ်တော်သည် ကြီးရမည်။ ငါတို့ ဘုရားသခင်သည် ဘုရား တကာတို့ထက် ကြီးမြတ်တော်မူ၏။ ကောင်းကင်နှင့် ကောင်းကင် တကာတို့၏ အထွဋ်၊ အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ်၍၊ ကျိန်းဝပ်တော်မူရာ အိမ်ကို အဘယ်သူ တည်ဆောက် နိုင်မည်နည်း။ ရှေ့တော်၌ ယဇ်ကို မီးရှို့ရာအိမ်မှတပါး အခြားသော အိမ်တော်ကိုတည် ဆောက်ခြင်းငှါ ငါသည် အဘယ်သို့သောသူ ဖြစ်သနည်း။ ယခုမှာရွှေ၊ ငွေ၊ ​ကြေးဝါ၊ သံ၊ မောင်းသောအထည်၊ နီသောအထည်၊ ပြာသောအထည်ကို လုပ်တတ်သော အတတ်၊ ငါ့အဘ ဒါဝိဒ် ပြင်ဆင်၍ ယေရုရှလင်မြို့၊ ယုဒပြည်၌ ငါ့ထံမှာရှိသော ဆရာသမားတို့နှင့် ဝိုင်း၍၊ ထုလုပ်တတ်သော အတတ်နှင့် ပြည့်စုံသောသူ တယောက်ကို ငါ့ထံသို့ စေလွှတ်ပါ။ အာရဇ်သစ်သား၊ ထင်းရှူးသစ်သား၊ အာလဂုံသစ်သားများကို လေဗနုန် တောင်မှာခုတ်၍ ပေးလိုက်ပါ။ မင်းကြီး၏ ကျွန်တို့သည် လေဗနုန်တောင်ပေါ်မှာ သစ်ခုတ်တတ်သည် ကိုငါသိ၏။ သစ်သားအများကို ပြင်ဆင်ခြင်းငှါ၊ ငါ့​ကျွန်တို့သည် မင်းကြီး​ကျွန်တို့နှင့် ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ ငါတည်ဆောက်ရသော အိမ်တော်သည် အလွန်ကြီး၍ အံ့ဘွယ်သော အိမ်ဖြစ်ရမည်။ ၁၀ သစ်ခုတ်သော မင်းကြီး​ကျွန်တို့အား ဂျုံဆန် ကောရ နှစ်သောင်း၊ မုယောဆန် နှစ်သောင်း၊ စပျစ်ရည်ဗတ် နှစ်သောင်း၊ ဆီနှစ်သောင်းကို ငါပေးမည်၊ ဟုမှာလိုက်လေ၏။


တုရုမင်းကြီးဟိရံက ရှောလမုန် လိုသမျှပို့မည်ဟုဆို

၁၁ တုရုမင်းကြီး ဟိရံသည် စာရေး၍ ရှောလမုန်ထံသို့ ပြန်ပေးလိုက်သည်ကား၊ ထာဝရဘုရားသည် မိမိလူမျိုးကို ချစ်တော်မူသောကြောင့်၊ ကိုယ်တော်ကို သူတို့ ရှင်ဘုရင်အရာ၌ ချီးမြှောက်တော်မူပြီ။ ၁၂ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဗိမာန်တော်ကို၎င်း၊ နန်းတော်ကို၎င်း တည်ဆောက်ခြင်းငှါ တတ်စွမ်းနိုင်အောင် ဥာဏ်ကောင်း၍ ပညာသတိနှင့် ပြည့်စုံသောသားကို ဒါဝိဒ်မင်းကြီးအား ပေးတော်မူသည် ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ ၁၃ ယခုမှာ ဥာဏ်ကောင်း၍ လိမ္မာသောသူ ဟိရံအဘိကို ငါစေလွှတ်ပါ၏။ ၁၄ သူ့အမိကား၊ ဒန်အမျိုးသမီး အဘကား တုရုအမျိုးသား ဖြစ်၏။ သူသည်ရွှေ၊ ငွေ၊ ​ကြေးဝါ၊ သံ၊ ကျောက်၊ သစ်သား၊ မောင်းသောအထည်၊ ပြာသောအထည်၊ နီသောအထည်၊ ပိတ်ချောကို လုပ်တတ်သော အတတ်၊ အမျိုးမျိုး ထုလုပ်တတ်သော အတတ်နှင့် ပြည့်စုံ၍၊ ကိုယ်တော်၏ ဆရာသမား ခမည်းတော် အရှင်ဒါဝိဒ်၏ ဆရာသမားတို့နှင့် ဝိုင်းလျက်၊ လိုသမျှကို ဥာဏ်ရှာ၍ လုပ်တတ်သောသူ ဖြစ်၏။ ၁၅ သို့ဖြစ်၍ ကိုယ်တော် အမိန့်ရှိသည်အတိုင်း၊ ဂျုံဆန်၊ မုယောဆန်၊ စပျစ်ရည်၊ ဆီကို ကိုယ်တော်​ ကျွန်တို့အား ပေးပါတော့။ ၁၆ ငါတို့သည် ကိုယ်တော် လိုချင်သမျှသော သစ်သားကို၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင်၊ ဘောင်လုပ်၍၊ ပင်လယ်လမ်းဖြင့်၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်၊ ဟုပြန်ပြော၏။ ၁၇ ခမည်းတော် ဒါဝိဒ်သည် ဣသရေလနိုင်ငံ၌ နေသော တပါးအမျိုးသား အပေါင်းတို့ကို စာရင်းယူပြီးသည်နောက်၊ တဖန်ရှောလမုန်သည် စာရင်းယူပြန်၍၊ တသိန်း ငါးသောင်း သုံးထောင်​ခြောက်ရာတို့ကို တွေ့၏။ ၁၈ ထမ်းသောသူ ခုနစ် သောင်း တောင်ပေါ်မှာ သစ်ခုတ်သောသူ ရှစ်သောင်း၊ အမှုကိုကြည့် ရှုစီရင်သောသူ သုံးထောင်​ ခြောက်ရာတို့ကို ခွဲထားတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.