-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၂


ဣသရေလ၏သားများ

ဣသရေလ၏သားများ ဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊

ဒန်၊ ယောသပ်၊ ဗင်္ယာမန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။


ယုဒသားများ

ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီးတွင် မြင်သောသားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီး ဧရသည် ထာဝရဘုရား ရှေ့တော်၌ ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။

ချွေးမတာမာတွင် မြင်သောသားကား ဖာရက်နှင့်ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက်တည်း။

ဖာရက်သားကား ဟေဇရုံနှင့်ဟာမုလတည်း။


ယုဒသား ဇေရ၏သားများ

ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။

ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲအပ်သော အရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလ အမျိုးကို နှောင့်ယှက်သော အာခန်တည်း။

ဧသန်သားကား အဇရိတည်း။

ဟေဇရုံ မြင်သောသားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။

၁၀ အာရံသားကား အမိနဒပ်၊ အမိနဒပ်သားကား၊ ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်သော နာရှုန်တည်း။

၁၁ နာရှုန်သားစာလမုန်၊ စာလမုန်သားဗောဇ၊

၁၂ ဇောဇသားဩဗက်၊ ဩဗက်သား ယေရှဲတည်း။


ယေရှဲသားများ

၁၃ ယေရှဲသားဦးကား ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊

၁၄ စတုတ္ထသားနာသနေလ၊ ပဉ္စမသားရဒ္ဒဲ၊

၁၅ ဆဋ္ဌမသားဩဇင်၊ သတ္ထမသားဧလိ၊ ဟုအဋ္ဌမသား ဒါဝိဒ်တည်း။

၁၆ သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်းသုံးယောက်တည်း။

၁၇ အဘိဂဲလသားကား အာမသ၊ အာမသအဘကား ဣရှမေလအမျိုး ယေသာတည်း။


ယုဒသားဖာရက်သား ဟေဇရုံ၏သားများ

၁၈ ဟေဇရုံသား ကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သော သားကားယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။

၁၉ အဇုဘသေသောနောက် ဧဖရတ်ကိုသိမ်း၍ ဟုရကို မြင်ပြန်လေ၏။

၂၀ ဟုရသားကား ဥရိ၊ ဥရိသားကား ဗေဇလေလတည်း။

၂၁ ထိုနောက်၊ ဟေဇရုံသည် အသက် ခြောက်ဆယ်ရှိသော်၊ ဂိလဒ်အဘ မာခိရ၏သမီးနှင့် စုံဘက်၍ စေဂုပ်ကို မြင်လေ၏။

၂၂ စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ့် သုံးမြို့ကို ပိုင်၏။

၂၃ ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏ သားမြေးတို့သည် ပိုင်ကြ၏။

၂၄ ဟေဇရုံသည်ကာ လက်ဧဖရတ်မြို့၌ သေသောနောက်၊ သူ၏မယား အဘိသည် သူ၏သား အာရှုရကို ဖွားမြင်၏။ အာရှုရသား ကာတေကောတည်း။


ယေရမေလသားများ

၂၅ ဟေဇရုံ၏သားဦး ယေရမေလသားကား သားဦး အာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။

၂၆ အာတရအမည်ရှိသော အခြားမယားတွင် ဩနံကို မြင်၏။

၂၇ ယေရမေလ၏သားဦး အာရံသားကား မာဇ၊ ယာမိန်၊ ဧကာတည်း။

၂၈ ဩနံသားကား ရှမ္မဲနှင့်ယာဒတည်း။ ရှမ္မဲသားကား နာဒပ်နှင့် အဘိရှုရတည်း။

၂၉ အဘိဟဲလအမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဖွားမြင်၏။

၃၀ နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း။ သေလက်၌ သားမရှိ။

၃၁ အပ္ပိမ်သားကားဣရှိ၊ ဣရှိသားရှေရန်၊ ရှေရှန်သား အာလဲတည်း။

၃၂ ရှမ္မဲညီယာဒသားကား ယေသာနှင့် ယောနသန်တည်း။ ယေသာ၌ သားမရှိ။

၃၃ ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလ အမျိုးအနွယ်တည်း။


၃၄ ရှေရှန်၌ သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန်၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန်ယောက်ျား တစ်ယောက်ရှိ၍၊

၃၅ ထိုကျွန်နှင့် သမီးတစ်ယောက်ကို ပေးစားသဖြင့်။ သမီးသည် အဘတို့သား အတ္တဲကို ဖွားမြင်၏။

၃၆ အတ္တဲသားကား နာသန်၊ နာသန်သား ဇာဗဒ်။

၃၇ ဇာဗဒ်သားဧဖလလ။ ဧဖလလသားဩဗက်၊

၃၈ ဩဇက်သားယေဟု ယေဟုသား အာဇရိတည်း။

၃၉ အာဇရိသားကား ဟေလက်၊ ဟေလက်သား ဧလာသ၊

၄၀ ဧလာသသားသိသမဲ၊ သိသမဲသားရှလ္လုံ၊

၄၁ ရှလ္လုံသားယေကမိ၊ ယေကမိသား ဧလိရှမာတည်း။

၄၂ ယေရမေလ၏ညီ ကာလက်သားဦးကား မေရှ၊ မေရှသားဇိဖ၊ ဇိဖသားမရေရှ၊ မရေရှသား ဟေဗြုန်၊

၄၃ ဟေဗြုန်သားကောရ၊ တာပွါ၊ ရေကင်၊ ရှေမတည်း။

၄၄ ရှေမသားကား ရာဟံ၊ ရာဟံသား ယော်ကောင်တည်း။ ရေကင်သားကား ရှမ္မဲ၊

၄၅ ရှမ္မဲသားမောန၊ မောနသား ဗက်ဇုရတည်း။


ကာလက် မယားငယ်သားများ

၄၆ ကာလက် မယားငယ်သည်လည်း ဟာရန်၊ မောဇ၊ ဂါဇက်တို့ကို ဖွားမြင်၏။ ဟာရန်သားကား ယာဒဲတည်း။

၄၇ ယာဒဲသားကား ရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖတည်း။

၄၈ ကာလက်မယားငယ် မာခါသည်လည်း၊ ရှေဗာနှင့် တိရဟာနကို၎င်း၊

၄၉ မာဒမေနအဘရှာဖ၊ မာခဗေနအဘရှေဝ၊ ဂိအာအဘကို၎င်း ဖွားမြင်၏။ ကာလက်သမီးကား အာခသတည်း။

၅၀ ဧဖရတ်သားဦး ဟုရ၏သားဖြစ်သော ကာလက်သားကား၊ ကိရယတ်ယာရိမ်အဘ ရှောဗာလ၊

၅၁ ဗက်လင်အဘစလမ၊ ဗက်ဂါဒါအဘ ဟာရပ်တည်း။

၅၂ ကိရယတ်ယာရိမ်အဘ ရှောဗာလ သားဟူမူကား၊ ဟာရောနှင့် မနဟေသိအမျိုးတပိုင်း၊

၅၃ ကိရယတ်ယာရိမ် အမျိုးမျိုး၊ ဣသရိလူ၊ ဖုဟိလူ၊ ရှုမသိလူ၊ မိရှရိလူတည်း။ ထိုအမျိုးထဲက ဖာရာသိလူနှင့် ဧရှတောလိလူ ဖြစ်သတည်း။

၅၄ စလမသားဟူမူကား၊ ဗက်လင်နှင့် နေတောဖာသိလူ၊ အတရုတ်၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း၊ ဇောရိလူ၊

၅၅ ယာဗက်မြို့၌ နေသော ရှောဖရိလူ၊ တိရသိလူ၊ ရှိမသိလူ၊ စုခသိလူတည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏အဘ ဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး၏အဘ ဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး ဖြစ်သတည်း။








S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.