-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၂၅


ဗာဗုလုန်ရှင်ဘုရင်က ဇေဒကိမင်းကိုဖမ်း

ဇေဒကိမင်း နန်းစံကိုးနှစ်၊ ဒသမလ ဆယ်ရက်နေ့တွင် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်​ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌ တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊ ဇေဒကိမင်း နန်းစံ တစ်ဆယ့် တစ်နှစ် တိုင်အောင် မြို့ကို ဝိုင်းထားလေ၏။ ထိုနှစ် စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန် အစာအာဟာရ ခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊ ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖောက်၍ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သား စစ်သူရဲ အပေါင်းတို့သည် ညအခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ်တော်နား တံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။ ခါလဒဲ စစ်သူရဲတို့သည် ရှင်ဘုရင်ကို လိုက်၍ ယေရိခေါ လွင်ပြင်၌ မှီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲ အပေါင်းတို့သည် လွင့်ပြေးကြ၏။ ရန်သူတို့သည် ရှင်ဘုရင်ကို ဖမ်းဆီး၍၊ ဗာဗုလုန် ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြော စီရင်သည်အတိုင်း၊ ဇေဒကိမင်း၏ သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွားကြ၏။


ယေရုရှလင်မြို့ကို မီးရှို့ ဗိမာန်တော်ပစ္စည်းများ သိမ်းသွား

ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ဆယ့်ကိုးနှစ်၊ ပဉ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။ ၁၀ ကိုယ်ရံတော်မှူး၌ ပါသော ခါလဒဲ စစ်သူရဲအပေါင်းတို့သည် ယေရုရှလင်မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက်ကြ၏။ ၁၁ ထိုအခါ ကိုယ်ရံ တော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန် ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသော သူတို့ကို သိမ်းသွားလေ၏။ ၁၂ သို့ရာတွင် စပျစ်ဥယျာဉ်ကို ပြုစု၍ လယ်လုပ်စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။ ၁၃ ဗိမာန်တော်၌ ​ကြေးဝါတိုင်တို့ကို၎င်း၊ ​ကြေးဝါရေကန်ကို၎င်း၊ ရေချိုး အင်တုံအ​ခြေအမြစ် တို့ကို၎င်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ​ကြေးဝါရှိသမျှတို့ကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။ ၁၄ အိုးကင်း၊ တူရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော် ထမ်းစရာ ကြေးဝါတန်ဆာ ရှိသမျှတို့ကိုလည်း ယူသွားကြ၏။ ၁၅ ရွှေတန်ဆာ၊ ငွေတန်ဆာ တည်းဟူသော လင်ပန်း၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။ ၁၆ ဗိမာန်တော်၌ ရှောလမုန်မင်း လုပ်သော တိုင်နှစ်တိုင်၊ ရေကန်တစ်ခု၊ အ​ခြေအမြစ်များ၌ ပါသော ကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။ ၁၇ တိုင်အမြင့်ကား တစ်ဆယ့် ရှစ်တောင်ရှိ၏။ ​ကြေးဝါ တိုင်ထိပ်လည်းရှိ၏။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ၍၊ ထိပ်ပတ်လည်​ ကြေးဝါကွန်ရွက်၊ ​ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသော တိုင်သည်လည်း အတူဖြစ်၍ ကွန်ရွက်နှင့်ပြည့်စုံ၏။


ယဇ်ပုရောဟိတ်များနှင့် လူကြီးများအသတ်ခံ

၁၈ ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ၊ ဗိမာန်တော်တံခါးမှူး သုံးယောက်တို့ကို ဖမ်းဆီးလေ၏။ ၁၉ စစ်သူရဲတို့ကို အုပ်သော ဗိုလ်တစ်ယောက်၊ မြို့ထဲ၌ တွေ့မိသော တိုင်ပင်မှူးမတ် ငါးယောက်၊ ပြည်သူပြည် သားများကို နှိုးဆော်သော တပ်စာရေးကြီး တစ်ယောက်၊ မြို့ထဲ၌ တွေ့မိသော ပြည်သား ခြောက်ဆယ်တို့ကို မြို့ထဲက ခေါ် သွား၍၊ ၂၀ ဗာဗုလုန် ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်ခဲ့ပြီးလျှင်၊ ၂၁ ဗာဗုလုန်ရှင် ဘုရင်သည် ဟာမက်ပြည် ရိဗလမြို့၌ ထိုသူတို့ကို ဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရသတည်း။


ဂေဒလိကို ပြည်အုပ်အရာ၌ ခန့်

၂၂ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်​နေဇာ၏ အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသော လူတို့ကို အုပ်ရသောမင်းအရာ၌ ၊ ရှာဖန်၏သား ဖြစ်သော အဟိကံ၏သား ဂေဒလိကို ခန့်ထားတော်မူ၏။ ၂၃ ဗာဗုလုန် ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ်အရာ၌ ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများတို့သည် ကြားသိသောအခါ၊ နာဿလိသား ဟုရှမေလ၊ ကာရာသား ယောဟနန်၊ နေတောဖတ်အမျိုး၊ တနုမက်သား စရာယ၊ မခသိအမျိုးသား ယေဇနိတို့သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊ ၂၄ ဂေဒလိက၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရမည် အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ၍ ထိုသူတို့အား ကျိန်ဆိုလေ၏။


ဣရှမေလအဖွဲ့က ဂေဒလကိုသတ်

၂၅ သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာသား နာသနိ၏သား ဣရှမေလသည် လူတစ်ကျိပ်နှင့် တကွလာ၍ ဂေဒလိကို၎င်း၊ မိဇါမြို့၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို၎င်း သေအောင်လုပ်ကြံလေ၏။ ၂၆ ထိုအခါ တပ်မှူးများနှင့် ပြည်သူ ပြည်သား အကြီးအငယ် အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက်သောကြောင့် ထ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။


ယေခေါနိကို ထောင်မှထုတ်၍ ကောင်းမွန်စွာပြုစု

၂၇ ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ် သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလ နှစ်ဆယ့် ခုနစ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရောဒက် နန်းစံစက၊ ယုဒရှင်ဘုရင် ယေခေါနိကို ထောင်ထဲကနှုတ်၍ ချမ်းသာပေးလေ၏။ ၂၈ ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ ရှိသော မင်းကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။ ၂၉ ယေခေါနိမင်းသည် ထောင်ထဲမှာ ဝတ်သောအဝတ်ကို လဲ၍၊ အသက်ရှည်သမျှ ကာလပတ်လုံး အစဉ်မပြတ် အထံတော်၌ စားသောက်ရ၏။ ၃၀ အသက်ရှည်သမျှ နေ့ရက် အစဉ်မပြတ်သူ စားစရာဖို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။

ဓမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.