-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၂၄


ယောယကိမ်မင်းသေ၍ သားတော် ယေခေါနိနန်းထိုင်

ယောယကိမ် မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ်ကျွန်ခံပြီးမှ တဖန်လှန်ပြန်၍ ပုန်ကန်လေ၏။ ထာဝရဘုရားသည် မိမိ​ကျွန် ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်ဆီးစေခြင်းငှါ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော်မူ၏။ မနာရှေ မင်းပြုမိသမျှသော အပြစ်၊ အသေမခံထိုက်သော သူတို့ကိုသတ်၍ သူတို့အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များကို၊ ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည်အတိုင်းသာ ထိုအမှု ရောက်သတည်း။ ယောယကိမ် ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည်၊ ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော် ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ အဲဂုတ္တုမြစ်မှစ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင် ပိုင်သမျှသော မြေကို ဗာဗုလုန်ရှင်ဘုရင် ယူသောကြောင့်၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ။


ယုဒရှင်ဘုရင်ယေခေါနိကို ဗာဗုလုန်ရှင်ဘုရင်က သိမ်းသွား

ယေခေါနိသည် အသက် ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာသန်၏သမီး နဟုတ္တအမည်ရှိ၏။ ထိုမင်းသည် ခမည်းတော် ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။

၁၀ ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့ စစ်ချီ၍ ဝိုင်းထားကြ၏။ ၁၁ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထားကြသောအခါ၊ ၁၂ ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန်ရှင်ဘုရင် ထံသို့ထွက်၍၊ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကို ရ၏။ ၁၃ ထာဝရဘုရား မိန့်တော်မူဘူးသည် အတိုင်း၊ ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာ ရှိသမျှကို သိမ်းသွား၍၊ ဗိမာန်တော်အဖို့ ဣသရေလ ရှင်ဘုရင်လုပ်သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်း ဖြတ်လေ၏။ ၁၄ ယေရုရှလင် မြို့သားမှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတစ်သောင်း၊ အထူးထူး အပြားပြားသော ဆရာသမား အပေါင်းတို့ကို သိမ်းသွား၍၊ သာမည ဆင်းရဲသားမှတပါး အဘယ်သူမျှ မကျန်ကြွင်းရ။ ၁၅ ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရားများ၊ အရာရှိများ၊ အားကြီးသော ပြည်သူများအပေါင်း၊ ၁၆ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သော သူရှိသမျှ၊ ခွန်အားကြီးသောသူ ခုနစ်ထောင်၊ အထူးထူး အပြားပြားသော ဆရာသမား တစ်ထောင်တို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။


ယေဒကိမင်းနန်းထိုင်၍ ဗာဗုလုန်ကိုပုန်ကန်

၁၇ ဗာဗုလုန်ရှင် ဘုရင်သည် ယေခေါနိ ဘထွေးတော် မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။ ၁၈ ဇေဒကိသည် အသက် နှစ်ဆယ့် တစ်နှစ်ရှိသော် နန်းထိုင်၍၊ ယေရုရှလင်မြို့၌ တစ်ဆယ့် တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမုဘာလ အမည်ရှိ၏။ ၁၉ ထိုမင်းသည် ယောယကိမ် ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ၂၀ ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မှီတိုင်အောင် အမျက် ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန်ရှင်ဘုရင်ကို ပုန်ကန်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.