၄ ဓမ္မရာဇဝင်
အခန်းကြီး ၁၂
ယုဒရှင်ဘုရင် ယောရှ ခုနစ်နှစ်တွင် နန်းထိုင်
၁ ယေ၊ ဟုနန်းစံခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။ ၂ ယဇ်ပုရောဟိတ် ယောယဒ သွန်သင်သော ကာလပတ်လုံး ယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။ ၃ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
ယောရှမင်းဗိမာန်တော်ပြုပြင်စေ
၄ ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့ သွင်းသော အလှူဥစ္စာကို ရောင်း၍ ရသောငွေ၊ စာရင်းဝင်သော သူတိုင်းကိုယ်အတွက် ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလိုလှူသော ငွေရှိသမျှကို၊ ၅ ယဇ်ပုရောဟိတ်တို့သည် မိမိတို့ အသိအကျွမ်း လှူသည်အတိုင်းခံယူ၍၊ ဗိမာန်တော် ပြိုပျက်ရာ ရှိသမျှတို့ကို ပြုပြင်ကြစေ၊ ဟုယဇ်ပုရောဟိတ်တို့အား မိန့်တော်မူ၏။ ၆ သို့သော်လည်း ယောရှမင်းကြီး နန်းစံ နှစ်ဆယ်သုံးနှစ်တွင်၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော် ပြိုပျက်ရာတို့ကို မပြုပြင်ကြသေး။ ၇ ထိုအခါ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒနှင့် အခြားသော ယဇ်ပုရောဟိတ်တို့ကို ခေါ်၍၊ သင်တို့သည် ဗိမာန်တော်ပြို ပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲ နေကြသနည်း။ နောက်တဖန် အသိအကျွမ်းလှူသော ငွေကို ကိုယ်တိုင်မယူကြနှင့်။ ဗိမာန်တော် ပြိုပျက်ရာတို့ကို ပြုပြင်ဘို့ရာ အပ်ကြလော့၊ ဟုဆိုသည်အတိုင်း၊ ၈ ယဇ်ပုရောဟိတ်တို့သည် နောက်တဖန် လူများလှူသော ငွေကိုမခံရ။ ဗိမာန်တော် ပြိုပျက်ရာကိုလည်း မပြုပြင်ရ၊ ဟုဝန်ခံကြ၏။ ၉ ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကိုယူ၍ အဖုံးကိုဖောက်ပြီးလျှင်၊ ဗိမာန်တော်အထဲသို့ ဝင်သော လမ်းလက်ျာဘက် ယဇ်ပလ္လင်နားမှာ ထားလေ၏။ ဗိမာန်တော်သို့ ဆောင်ခဲ့သော ငွေရှိသမျှကို တံခါးစောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာ ထားကြ၏။ ၁၀ ငွေများသည် ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏ စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည် လာ၍ ဗိမာန်တော်၌ စုသောငွေကို ထုတ်ထားလျက် စာရင်းယူ၏။ ၁၁ ထိုသို့ ချိန်းထားသော ငွေကို ဗိမာန်တော်အုပ် အမှုတော်စောင့်တို့၌ အပ်၍၊ ဗိမာန်တော်၌ အလုပ်လုပ်သော လက်သမား၊ ၁၂ ပန်းရံသမား၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော် ပြိုပျက်ရာကို ပြုပြင်စရာ ကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှသော အတွက် ပေးဝေကြ၏။ ၁၃ ဗိမာန်တော်အဘို့ ငွေဖလား၊ မီးညှပ်၊ အင်တုံ၊ တံပိုး၊ ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ထိုငွေနှင့် မလုပ်သေး။ ၁၄ အလုပ်လုပ်သော သူတို့အားသာပေး၍ ဗိမာန်တော်ကို ပြုပြင်ကြ၏။ ၁၅ အလုပ်လုပ်သော သူတို့အား ပေးစေခြင်းငှါ၊ ငွေကိုလက်ခံသောသူတို့သည် သစ္စာစောင့်သောသူ ဖြစ်သောကြောင့် စာရင်းမပေးကြ၏။ ၁၆ ဒုစရိုက်ငွေ၊ အပြစ်ငွေကိုမူကား၊ ဗိမာန်တော်သို့ မသွင်းဘဲ ယဇ်ပုရောဟိတ်တို့သည် ယူကြ၏။
ယုဒပြည်ကိုရှုရိဘုရင်စစ်ချီဘို့ကြံ
၁၇ ထိုအခါ ရှုရိ ရှင်ဘုရင် ဟာဇေလသည် ဂါသမြို့ကိုစစ်ချီ၍ တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှါ အားထုတ်လေ၏။ ၁၈ ယုဒရှင်ဘုရင် ယောရှသည် ဘိုးတော် ဘေးတော်တည်းဟူသော ယုဒ ရှင်ဘုရင် ယောရှဖတ်၊ ယဟောရံ၊ အာဟဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင် သန့်ရှင်းစေသမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော် ဘဏ္ဍာနှင့် တွေ့သမျှသောရွှေကိုယူ၍ ရှုရိ ရှင်ဘုရင် ဟာဇေလထံသို့ ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကို ထား၍ သွား၏။
ယောရှမင်းအသတ်ခံ၍သေ
၁၉ ယောရှ ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၀ ထိုမင်း၏ကျွန် ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သား ယဟောဇဗပ်တို့သည် ထ၍သင်းဖွဲ့ပြီးလျှင်၊ သိလရွာသို့ သွားသောလမ်း၊ မိလ္လောစံနန်းတွင် ယောရှကို သေအောင်လုပ်ကြံ၍၊ ၂၁ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ကြ၏။ သားတော် အာမဇိသည် ခမည်းတော်အရာ၌ နန်း ထိုင်၏။